အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “Only One Earth” Kahoot Quiz Game ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘားအံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများထံ မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 30,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတု၊ တိုးတက်လာ သည့် စိုက်ပျိုးရေးနည်းပညာနှင့်အညီ စိုက်ပျိုးတတ်စေရန် ရည်ရွယ်ချက်များဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ကင်းတောင်စံပြကျေးရွာရှိ တောင်သူ ဦးမောင်ကြည်လှိုင်၏ လယ်မြေ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ် အဆင့် ကျောင်းအပ်နှံ​ရေးရက်သတ္တပတ် အခမ်းအနားကို ယမန်​နေ့က  အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်​ကျောင်းသားမိဘများ၊​ ကျောင်းသား၊​ ကျောင်းသူများ တက်​ရောက်ခဲ့ကြသည်။
May 30,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ပန်တိန်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
May 30,2022
မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြို့နယ်ဘဏ်ခွဲ)၌ ယနေ့နံနက်(၁၀) နာရီအချိန်တွင် ၂၀၂၂ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 30,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းဖွင့်ချိန် အတွင်း ကျောင်းသား / ကျောင်းသူများ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၇ ကျောင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။