မိုင်းယုမြို့၌ ကျောင်းသားကျောင်းသူများ ကျောင်းဖွင့်ရက် ပထမနေ့တွင်  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား

မိုင်းယု ဇွန်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဇွန် ရက်နေ့၊ ကျောင်းဖွင့်ရက် ပထမနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည်။

အဆိုပါ ကျောင်းများစတင်ဖွင့်လှစ်ရာတွင် မိုင်းယုမြို့တွင် အထက်တန်းကျောင်း()ကျောင်း၊ အလယ်တန်းကျောင်းခွဲ()ကျောင်း၊ မူလတန်း(လွန်)ကျောင်း()ကျောင်း၊ မူလတန်းကျောင်း ()ကျောင်းရှိပြီး  စုစုပေါင်း ကျောင်း() ကျောင်းရှိပြီး မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ မေ ၂၆ ရက်နေ့မှ ဇွန် ၂ ရက်နေ့ထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား ၁၃၇ ဦး၊ ကျောင်းသူ ၁၄၄ ဦး၊ စုစုပေါင်း ၂၈၁ ဦးရှိကြောင်း သိရသည်။

မိုင်းယုမြို့ ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှာ သက်ဆိုင်ရာမြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာများရှိ ကျောင်းတို့တွင် အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်