တာချီလိတ် ဇွန် ၂
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၁၃၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၈ ကျောင်း စသည့်ကျောင်းအားလုံး ဇွန်လ (၂) ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွန်လ(၁)ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျောင်းအပ်နှံပြီးသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀၄၄၅)ဦးရှိပြီး (၈၀)ရာခိုင်နှုန်းကျော်ရှိကြောင်းနှင့် ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယာဆေး(ပြန်/ဆက်)