အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက် (၉)နာရီ အချိန်မှစ၍ ဖွင့်လှစ်သင်ကြားလျက် ရှိသည်။
Jun 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၃၀၈) ကျောင်းတို့တွင် ဇွန်လ (၂) ရက်နေ့ နံနက် ၈ နာရီ ၄၅ အချိန်မှ စတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူကလေးများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 02,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းတို့ကို ယနေ့မှဖွင့်လှစ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်ရိုးညွှန်တမ်းများကို ကျောင်းသား/သူများအား စတင်သင်ကြားပို့ချပေးနေပြီးဖြစ်ကြောင်းသိရသည်။
Jun 02,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းဖြင့် ယနေ့တွင် ဆေးထိုးစုရပ်ကျောင်း(၁၀)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။  
Jun 02,2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၂ )၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၀) ကျောင်းတို့တွင် အခြေခံပညာ အထက်တန်း (၄၀၁၄)ဦး၊ အခြေခံပညာ အလယ်တန်း(၁၀၅၁၅)ဦး၊ အခြေခံပညာ မူလတန်း(၂၈၅၇၀)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၄၃၀၉၉)ဦး တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန်ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ ကျောင်းများဖြစ်သည့် အ.မ.က စျေးကြီးကျောင်းနှင့် အ.မ.က ဗိုလ်တဲကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။