ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်သင်ကြား

ချောင်းဆုံ ဇွန် ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းတို့ကို ယနေ့မှဖွင့်လှစ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သင်ရိုးညွှန်တမ်းများကို ကျောင်းသား/သူများအား စတင်သင်ကြားပို့ချပေးနေပြီးဖြစ်ကြောင်းသိရသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ် စတင်ဖွင့်လှစ်သည့် ပထမရက်အတွင်း အခြေခံပညာ(ထက်၊ လယ်၊ မူ) ကျောင်း(၁၁၁) ကျောင်းတွင် ကျောင်းသား /သူ(၂၂၃၉၂)ဦးရှိပြီး၊ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၃) ဦးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် (၂၃) ဦး တက်ရောက်၍ ပညာသင်ကြားလျက်ရှိကြောင်း ကျောင်းအပ်နှံမှု ရာခိုင်နှုန်းအနေဖြင့် ၁၃၅.၉၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချောင်းဆုံ