ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ကသာ ဇွန် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက် (၉)နာရီ အချိန်မှစ၍ ဖွင့်လှစ်သင်ကြားလျက် ရှိသည်။

ကသာမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၇)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၅)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ စုစုပေါင်း (၄၉)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဇွန်လ (၂)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၃၇၁)ဦးတို့က အေးချမ်းစွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း  ကသာမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

နေခ (ပြန်/ဆက်)