စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းသား/ကျောင်းသူကလေးများ ပညာသင်ကြား

စလင်း ဇွန်  ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၃၀၈) ကျောင်းတို့တွင် ဇွန်လ (၂) ရက်နေ့ နံနက် ၈ နာရီ ၄၅ အချိန်မှ စတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူကလေးများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းအသီးသီးတို့တွင် ဆရာကြီးဆရာမကြီးများနှင့် အတန်းပိုင်ရာ ဆရာမများက ကျောင်းအပ်လက်ခံခဲ့သည်။ ထိုသို့ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နိုင်ရေး ကောင်းမွန်စွာပညာသင်ကြားနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများဖြင့် ဆွေးနွေးတိုင်ပင်၍ ပညာသင်ကြားမည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူကလေးငယ်များ ပညာကိုကောင်းမွန်စွာသင်ကြာနိုင်စေရေး၊ လုံခြုံရေးများထားရှိကာ ဇွန်လ (၂) ရက်နေ့မှစတင်၍ ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအလိုက် ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များထားရှိပြီး၊ စလင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၃၀၈) ကျောင်းတို့တွင် ကျောင်းအပ်နှံမှုပြီးစီးသူ မူလတန်းအဆင့် (၂၁၀၈၀) ဦး၊ အလယ်တန်းအဆင့် (၇၇၂၉) ဦး၊ အထက်တန်းအဆင့် (၃၁၀၉၉) ဦးအပ်နှံပြီးစီးခဲ့ကာ ယနေ့ဇွန်လ ၂ ရက်နေ့တွင် စတင်ပညာသင်ကြားလျက်ရှိပြီး ပျော်ရွှင်အေးချမ်းစွာ သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်