ငါးသိုင်းချောင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကြပ်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာရှိ ရေလဲကြီးချောင်းကူး သံကူကွန်ကရစ်တံတား (၆၀ပေ×၁၄ပေ)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားဖွင့်ပွဲ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သံကူကွန်ကရစ်တံတားသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ တံတားသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ မြို့အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက အခမ်းအနား တက်ရောက်စုပေါင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါတံတားကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် (အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ)ဖြင့် ဆောက်လုပ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ငါးသိုင်းချောင်း-အိုင်သပြု-လေးမျက်နှာလမ်း၊ ကညင်သောင်-ကျုံပဒုတ်လမ်း၊ ဇရပ်လှ-ကျုံမရမ်း-ကျုံပဒုတ်လမ်းများနှင့် ဆက်သွယ်ထားရာ ကျေးရွာပေါင်း(၁၄)ရွာမှ ဆက်သွယ်သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့ရေးကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)