အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများသည် အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိသည်။
Jun 03,2022
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူရရှိရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နေပြီ ဖြစ်ကြောင်း သိရသည်။
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနမှ မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်ရှိ ဧရိပ်မွန်(၂) မိဘမဲ့ မိန်းကလေးကျောင်းသို့ ယမန်နေ့ နေ့လယ် ၁နာရီ အချိန်က ကွင်းဆင်း၍ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ကျောင်းသူလေးများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်မ စ၍ ကွီးလေးကျေးရွာတွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ဒေသနေပြည်သူ(၂၂)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာကျောင်းအသီးသီး၌ အေးချမ်းစွာဖြင့် ပညာတက်ရောက်သင်ကြားလျက်ရှိသည်။
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်(၁၀)နာရီက ကျောင်းများသို့ လှည့်လည်ကြည်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။