Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၅၂၉)ဦးတို့အား ပင်စင်လစာငွေများ ထုတ်ပေး
Jun 22,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Jun 22,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က၊ မြို့အနောက်(ခ)ကျောင်း၌ ဟောပြောဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေ
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် ခရမ်းချဉ်စိုက် တောင်သူများအဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ညွှန့်ပင်ကျေးရွာမှ တောင်သူ ဦးဇော်ဝင်းက ပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားတက်ရောက်
Jun 22,2022
မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစား လိုက်စားသူများ၊ ကျန်းမာ ကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ အရည်အသွေး မြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက်ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂) နာရီက ကွင်းတောင် ရပ်ကွက်၊ အခြေခံပညာမူလတန်တန်း(လွန်)(စဉ့်အိုးလှ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၌(Box Culvert)တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး
Jun 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေ
အပြည့်အစုံ ဖတ်ရန်
နေပြည်တော် မီးသတ်ဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မီးသတ်ဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ဒက္ခိဏခရိုင်၊ မီးသတ်ဦးစီးဌာနပိုင် မြေနေရာအတွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကျင်းပ
Jun 22,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20215
Page
20216
Page
20217
Page
20218
Current page
20219
Page
20220
Page
20221
Page
20222
Page
20223
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department