Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်မရော၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေး
Jun 22,2022
ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား အချိန်နှင့်တစ်ပြေးညီ လယ်သမားများ လက်ဝယ်ရောက်ရှိရေးနှင့် လယ်သမားများအချိန်မှန် စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲစီဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်ချီးဒေသတွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 22,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်းရှိ ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်၀န်ဆောင် မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖားဆောင်းမြို့နယ် မော်ချီးအောက်ရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်ရတွင် နယ်လှည့်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရုံးစာကြည့်တိုက်တွင်စာအုပ်စာပေများ ငှားရမ်းပေးနေသည့်အပြင် ပိုမိုစာပေဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကာ နယ်လှည်ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ကာ သုတ/ရသ၊ စာအုပ်/စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 22,2022
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်တွင် တောင်ငူတက္ကသိုလ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့်အထိမ်းအမှတ် Synthetic ပြေးလမ်းဖွင့်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကျင်းပ
Jun 22,2022
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နိုင်ငံ့လက်ရွေးစင် တိုင်းဒေသကြီးဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် မြို့နယ်များ အတွင်းရှိ ထူးချွန်သည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် အားကစားကွင်း Synthetic ပြေးလမ်း၊ ဘောလုံးကွင်းဖွင့်ပွဲနှင့် ကွင်းဖွင့်ပွဲအထိမ်းအမှတ် အမျိုးသား မီတာ ၁၀၀၀၀ နှင့် အမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖ များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jun 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာ များကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ပင်စင်လစာများကို ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီအချိန် က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် (First Dose၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများအား ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၃၅၁)ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများကို ယနေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20214
Page
20215
Page
20216
Page
20217
Current page
20218
Page
20219
Page
20220
Page
20221
Page
20222
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department