မော်လမြိုင် ဇွန် ၂၂
မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစား လိုက်စားသူများ၊ ကျန်းမာ ကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ အရည်အသွေး မြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက်ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်ကြက်တောင် ပြိုင်ပွဲဗိုလ်လုပွဲ ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကာ အားကစား ထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အောင်ပွဲဝင် ပြည်နယ် ကြက်တောင် အမျိုးသား၊ အမျိုးသမီး အသင်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ် ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြ ကြောင်းသိရှိရသည်။
ခင်စန်းမြင့်