Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်
Jun 22,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ ညနေ ၄ နာရီက သာယာဝတီမြို့နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထိန်သေးအုပ်စု၊ ကြံတောစုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ် ပေးပြီး ရိုးရာလက်ဝှေ့ယှဉ်ပြိုင်မှုကိ…
Jun 22,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်) မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်း အမှတ် မြန့်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနား မြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က(ခွဲ)ခင်ပြည့်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အ.ထ.က(ခွဲ) ခင်ပြည့်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် မင်းပိုင်ရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော အာရောဂျတံခွန် မျက်စိအထူးကု ဆေးရုံကြီး၌ မျက်စိဝေဒနာလာရောက်ပြသသူများပြား…
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်ရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်တွင် ဖွင့်လှစ် ထားသော အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံကြီး၌ ဆရာတော်များ၏ လမ်းညွှန်မှုဖြင့် ရွှေရတုတိပိဋက စက္ခုပါလ ကုသိုလ်ဖြစ် မျက်စိဆေးရုံတော်ကြီး (ထီးဆောင်း)မှ မျက်စိအထူးကု ဆရာဝန်ကြီးအဖွဲ့က စမ်းသပ်ကြည့်ရှု၍ လိုအပ်လျင်ခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိရာ မျက်စိဝေဒနာခံစားနေရသည့် လူနာများ လာရောက်ပြသမှု များပြား လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတွင် တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်
Jun 22,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိရစ္ဆာန်အစာစိုက်ပျိုး ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jun 22,2022
ပန်းဘဲတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉:၃၀ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် အ.ထ.က(၁)ကျောင်း၊ ဧကရီခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20219
Page
20220
Page
20221
Page
20222
Current page
20223
Page
20224
Page
20225
Page
20226
Page
20227
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department