အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2022
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ လပွတ္တာလမ်းရှိ ရတနာသိင်္ဂီသီလရှင် စာသင်တိုက်ဝန်းအတွင်းရှိ ကဝိမဉ္ဇူသီလရှင် မူလတန်းကျောင်း၌ တက်ရောက် ပညာသင်ကြားနေသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းလုပ်ငန်းကို (၂၂.၆.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီမှ နံနက်(၀၁:၀၀)နာရီအချိန်အထိ
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 22,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်က ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်ခဲ့သည်။
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မူးလမန်းကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာရှိ ဓမ္မသုခနှီးဘုရားကျောင်းတိုက်ရှိ သံဃာ့တော်အရှင်သူမြတ်များအား တွံတေးမြို့နယ်လုံခြုံရေးတပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မိသားစုတို့စုပေါင်း၍