အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2022
မေး။ ညီမရဲ့အမည်၊ ရရှိခဲ့သော ဂုဏ်ထူးဘာသာရပ်နှင့် သင်ကြားခဲ့ရသော‌ကျောင်းကိုသိပါရစေ။ ဖြေ။ မင်္ဂလာပါရှင့် ကျွန်မကတော့ မဆုမြတ်ကျော်ဖြစ်ပါတယ်ရှင့်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်ခဲ့ပါတယ်ရှင့်။ ဂုဏ်ထူးရရှိခဲ့တဲ့ ဘာသာရပ်တွေကတော့ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒတို့ ဖြစ်ပါတယ်ရှင့်၊ ဒုတိယတန်းမှ ဒသမတန်းထိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ယူ ခဲ့ပါတယ်ရှင့်။
Jun 24,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံမြို့မြို့နယ် ဂျုပ္ပင်ကျေးရွာရှိ တောင်သူဦးဇော်လွင်၏ လယ်မြေ(၁)ဧကတွင်  မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ကျင်းပခဲ့သည်။
Jun 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရည်အသွေးမြင့် တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးကျွေးမွေးနိုင်ရန် ရည်ရွယ်၍ နေပီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဆိုက်ခေါင်ကျေးရွာအုပ်စု၊ မန်မွန်းကျေးရွာ တောင်သူ ဒေါ်အေးမွှေး၏ ယာမြေတစ်ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ် အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jun 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် တိရိစ္ဆာန်အစာပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကုန်းကြီးအုပ်စု၊ ကုန်းကြီးကျေးရွာရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဋ္ဌာနရုံး တိရိစ္ဆာန်အစာပင် စိုက်ခင်းတွင် ကျင်းပခဲ့သည်။
Jun 24,2022
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင်ကျင်းပကြောင်း သိရသည်။
Jun 24,2022
၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေပီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ တောင်သူ ဦးငယ်လေး၏ လယ်မြေတစ်ဧက၌ ကျင်းပသည်။