ကန်ကြီးထောင့် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတို့ ပူးပေါင်း၍ လျှပ်စစ် အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဇင်မာဦးနှင့် ကန်ကြီးထောင့် မြို့နယ် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဦးဟိန်းဦးပိုင်တို့က လျှပ်စစ်သုံးစွဲသူ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုအန္တရာယ်များ၊ ကောင်းကင် ဓာတ်အားလိုင်းနှင့် ဆက်စပ်သည့် လျှပ်စစ်အန္တရာယ်များ၊ လူနေအိမ်များသို့ သွယ်တန်းထားသည့် Service ကြိုးများ ပေါက်ပြဲမှုကြောင့် ကျရောက်နိုင်သည့် လျှပ်စစ်အန္တရာယ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online Page မှတစ်ဆင့် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ Online မှတစ်ဆင့် အသိပညာပေးခြင်းကြောင့် လျှပ်စစ်သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနားလည် လိုက်နာကြစေရန်နှင့် ဓာတ်လိုက်ခြင်းများကြောင့် လူ့အသက် အန္တရာယ် မထိခိုက်စေရေး ရည်ရွယ်ရိုက်ကူးတင်ဆက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရုံး စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိတ်သတ်များ လေ့လာနိုင်ရန် လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်အား ပြသ ထားရှိကြောင်း သိရသည်။
မဇင် (ပြန်/ဆက်)