အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက်နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ် ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
Jun 24,2022
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟိုပန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာပြည့်ကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း(၁၇)ဦးတို့သည်
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏အခန်းကဏ္ဍကို သိရှိနားလည်ပြီးကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ လာမယ်ဖိုလီကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ယမန်နေ့နေ့လည်ပိုင်းက  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 24,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ညောင်ရမ်းတောင်ရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်းတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။
Jun 24,2022
စာသုံးသူရေးရာဦးစီးဌာန၊ ဒက္ခိဏခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျှက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲကျင်းပသည်။
Jun 24,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ် (၂) လုံးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက  ပြုလုပ်ခဲ့ကြသည်။
Jun 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများ တိုးချဲ့၍လျာထားစိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီတွင် စိုက်ဧက(၂၅၀)ဧက၊ မိုးရာသီတွင် စိုက်ဧက(၃၄၅၀)ဧက၊ မိုးနှောင်းရာသီတွင် စိုက်ဧက(၁၀၁၅၀)ဧက စုစုပေါင်း(၁၃၈၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။