Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် ၁၉၉၁ စင်တီမီတာရောက်ရှိလာ
Jun 25,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာသို့ ရောက်ရှိရန် ၁၉၉၁ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်လှစ်သင်ကြားပေး
Jun 25,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 25,2022
အပြည့်အစုံ ဖတ်ရန်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ ကျင်းပ
Jun 25,2022
ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြ ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အ.ထ.က(ခွဲ)ညိုပင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Jun 25,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး “သတင်းစကား” လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jun 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၆ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား” လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများ၌ ယမန်နေ့က ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်၌ ဒေဒေါင်းထွန်စက်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ နိုင်ငံတော်မှ (၅၀)ရာခိုင်နှုန်းကျခံပြီး Smart Village ကျေးရွာများသို့ ဒေဒေါင်းထွန်စက်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီ အချိန်က ကျောင်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့ အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချ…
Jun 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20191
Page
20192
Page
20193
Page
20194
Current page
20195
Page
20196
Page
20197
Page
20198
Page
20199
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department