Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လက်ပံတန်းမြို့တွင် မိုးနေကြာ စံပြကွက်စိုက်ပျိုး
Jun 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးပွဲကို မှော်အင်းကျေးရွာ အုပ်စု ကွင်းအမှတ် (1188-A) တွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာလက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ခရိုင်တွင် ကျွဲ၊ နွားများနှင့် အိမ်မွေးတိရစ္ဆာန်များ အစာပြတ်လပ်မှုမရှိစေရေး “တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်းနှင့် မြက်ချဉ်ဖတ် ထုတ်လုပ်နည်း” သင်တန်း…
Jun 29,2022
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရုံး၌ ယမန်နေ့ နံနက်ပိုင်းက “တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်းနှင့် မြက်ချဉ်ဖတ် ထုတ်လုပ်နည်း” သင်တန်းဖွင့်ပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ခရိုင် ခြောက်မြို့နယ်မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများနှင့် ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းသား (၂၀)တို့တက်ရောက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Jun 29,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် အသက်(၅)နှစ်မှ၁၂နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံရန်ကျန်ရှိနေသေးသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်က မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းခရိုင်၌ တက္ကသိုလ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) တို့ပူးပေါင်း၍ တက္ကသိုလ်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွင်း/အပြင် သန့်ရှင်းသာယာလှပပြီး ကျောင်းသား/သူများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူ များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံး…
Jun 29,2022
ဝါးခယ်မမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဗိုလ်မှူး မင်းထွဋ်၊ ရဲးမှူး ဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အကြောင်း အမျိုးမျိုး ကြောင့် ပညာမသင်ကြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးကျောင်းသား၊ ကျောင်းသူများအား ဝါးခယ်မမြို့ အ.က.က(၂) အခြေခံပညာကျောင်းတွင် တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်အစားထိုး ရွေးချယ်ပွဲကျင်းပ
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် သူရိယာရာမမိုးကုတ်ဝိပဿနာကျောင်းသစ် ဆရာတော်ဘဒ္ဒသူရိယသည် ပြန်လွန်တော်မူသွားပါသဖြင့် လစ်လပ်လျက်ရှိသော သံဃာ့သမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်တစ်ပါးနေရာအတွက် အစားထိုးရွေးချယ်မှုအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက ရွေးမှော်ဝန်း သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုး
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆၀)၊ ဦးပိုင်အမှတ် (၁၃၉)ရှိ တောင်သူ ဦးလှမြင့်၏ ယာမြေ (၂)ဧကတွင် ယနေ့ နံနက် ၈ နာရီက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20124
Page
20125
Page
20126
Page
20127
Current page
20128
Page
20129
Page
20130
Page
20131
Page
20132
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department