Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာတက္ကသိုလ် (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jun 29,2022
မိတ္ထီလာတက္ကသိုလ်၏ (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်
Jun 29,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၃/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဂဟေဆက်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ် (၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၀၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ သံကြိုးလမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နေ့လယ်(၁၄:ဝဝ)နာရီက ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာများ ရရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၉၄)ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပုရဝုဏ် အနောက် ၄၅ တာကွင်းအတွင်း ဝါဆိုခြင်းရုံတွင် ၉၄ ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ခြင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် သံဃသမ္မုတိ ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လစ်လပ်သွားသော သံဃသမ္မုတိ ဆရာတော်အစား ပြန်လည်ရွေးချယ်သည့် သံဃသမ္မုတိ ဆရာတော် တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမ္မာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ…
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာရှိ SAKURA ဖူဆယ် အားကစားကွင်း၌ ကျင်းပရာ ပထမပွဲစဉ်အဖြစ် အမှတ်(၁၁)ရပ်ကွက်အသင်းနှင့် အမှတ်(၁၃)ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၄ဂိုး-၇ဂိုး) နှင့် အမှတ်(၁၃)ရပ်ကွက်အသင်းက အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမှတ်(၁၂)ရပ်ကွက်အသင်းနှင့် အမှတ်(၁၀)ရပ်ကွက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြရာ (၃ဂိုး - ၄ဂိုး)ရလာဒ်ဖြင့် အမှတ်(၁၂)ရပ်ကွက်အသင်းက ဒုတိယဆုရရှိခဲ့ပြီး ပထမဆုဖလားကို အမှတ်(၁၀)ရပ်ကွက်အသင်းမှ ဆွတ်ခူးကာ ကိုင်မြှောက်ခွင့်ရခဲ့ကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20127
Page
20128
Page
20129
Page
20130
Current page
20131
Page
20132
Page
20133
Page
20134
Page
20135
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department