Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသခံပြည်သူများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ပမ္မဝတီခြံထွက် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥများအား ရပ်ကွက်/ကျေး…
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အမှတ်(၂၇) ရေတပ်လေ့ကျင့်ရေးတပ်၊ စိုက်ခြံနှင့် မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ယမန်နေ့နံနက် (၈:၃၀)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက်ရဲစခန်းရှေ့၌ စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေသုံးဆွဲရေးအစီအစဉ် (AVIP) ရေးဆွဲနည်းသင်တန်းဖွင့်လ…
Jun 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခွင့်ရရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၊ ကျေးရွာ (၈)ရွာမှ ကော်မတီဝင်များအား "ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေသုံးဆွဲရေးအစီအစဉ် (AVIP) ရေးဆွဲနည်းသင်တန်း" ကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့တိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေး သင်တန်းဖွင့်လှစ်
Jun 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးဟောင်းကြွေးကျန်များပြေကျေရေး ကွင်းဆင်းနှိုးဆော်ဆောင်ရွက်
Jun 29,2022
ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အမြန်ဆုံးပြန်လည်ထုတ်ချေးပေးနိုင်ရေးအတွက် ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ကြွေးဟောင်းကြွေးကျန်များ ပြေကျေရေး ကွင်းဆင်းနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အ.ထ.က(၂)၌ ကျင်းပ
Jun 29,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစား၏ အကျိုးကျေးဇူးကိုသိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
Jun 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုအား အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Jun 29,2022
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် Holiday Pier Hotel ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20126
Page
20127
Page
20128
Page
20129
Current page
20130
Page
20131
Page
20132
Page
20133
Page
20134
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department