အလုံ ဒီဇင်ဘာ ၁၇ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ပြသထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်ချက်များကို ပြည်သူများအလွယ်တကူဖတ်ရှု့ လေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ချက် မှတ်တမ်း ဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်း ဓါတ်ပုံများအပါအဝင် ဗီနိုင်း ပိုစတာများကို ပြသထားကြောင်းသိရသည်။