ဝမ်းတွင်း ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ“ပန်းခင်း”စီမံချက်ဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်အသိပညာပေးခြင်းများတွင်လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့၊ပန်းခင်းစီမံချက်ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်၊နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရန်အတွက်ပြည်သူများမှကူညီရမည့်အချက်အလက်များအကြောင်း၊နိုင်ငံသားကတ်မှတ်ပုံတင်ရှိခြင်းဖြင့်မိမိတို့၏လူမှုရေး၊အလုပ်အကိုင်ရရှိရေး၊သွားလာရေး၊ပညာရေးစသည့်လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့်ကိစ္စများ၊ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေမှု များနှင့်ပတ်သက်၍သိကောင်းစရာများပါဝင်ပြီးမြို့နယ်အတွင်း နေထိုင်ကြသူများအနေဖြင့်ပြည်သူများကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးရရှိရေးလာရောက်ဆောင်ရွက်ကြရန်နှင့်လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာန၊မြို့နယ်ဦးစီးမှုးရုံးမှပန်းခင်းစီမံချက်အားဆောင်ရွက်ပေးလျှက်ရှိကြောင်းဦးစီးအရာရှိဦးတင်ထွန်းထံမှသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း“ပန်းခင်း”စီမံချက်ဆိုင်ရာလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်အသိ ပညာပေးခြင်းများကိုမြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင်LEDပြဘုတ်တင် မော် တော်ယာဉ်ဖြင့်ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)