အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
မိုးစပါးရိတ်သိမ်းပြီးချိန်အတွင်း ဆောင်းရာသီ သီးနှံများဖြစ်သည့်မြေပဲနှင့် ပဲအမျိုးမျိုးဆီထွက် သီးနှံများဖြစ်သည့်နေကြာစိုက်ခင်းများအား မိုးရာသီကုန် ဆောင်သီးနှံများစိုက်ပျိုးခြင်းကို တောင်သူများက ဒီဇင်ဘာလ ပထမပတ်က စတင်၍ စိုက်ပျိုးနေပြီးဖြစ်ကြောင်း ကညှော်ကျေးရွာနေဆောင်းရာသီ စိုက်ပျိုးသူတစ်ဦးမှသိရသည်။
Dec 17,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းအိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် ပြည်သူများနေအိမ်ပြင်ပ ထွက်တိုင်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေးအသိ ပညာပေး (MaskCamapaign) ကို ယနေ့ နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော အမှတ် (၂၅)ရပ်ကွက်ရှိ အမှတ်(၁)စျေးအတွင်း ဆောင်ရွက်ခဲ့သည်။
Dec 17,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။ 
Dec 17,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ဒုတိယ)အကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် သစ်ပုံကျန်းရေးဌာနတို့တွင် ယနေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 17,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ရုံးမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာပိုမိုတိုးပွားပြီး ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရန်အတွက် နယ်လှည့်ကွင်းဆင်းပြီး နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ငှားရမ်းခြင်းများကိုဆောင်ရွက်လျက်ရှိပါသည်။
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင်ယနေ့နေ့လည်(၂)နာရီအချိန်ကစာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များကစာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ချင်းကုန်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့မွန်းလွဲ( ၁) နာရီ​အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။