မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ဒုတိယ)အကြိမ် ဆက်လက် ထိုးနှံကာကွယ်ဆေး ထိုးနှံပြီးသူ ၃၁၄၁၇ ဦးရှိ

မာန်အောင် ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ဒုတိယ)အကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် သစ်ပုံကျန်းရေးဌာနတို့တွင် ယနေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများက စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်း တာပေးခြင်းများ ပြုလုပ်ပြီး ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများ ကိုသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင် လျာထားဦးရေ ၅၅၄၃၃ ဦးရှိပြီး ယနေ့ထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၃၁၄၁၇ ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)