ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဆောင်းရာသီ သီးနှံများ စတင်စိုက်ပျိုးလျက်ရှိ

ချောင်းဆုံ      ဒီဇင်ဘာ  ၁၇

မိုးစပါးရိတ်သိမ်းပြီးချိန်အတွင်း ဆောင်းရာသီ သီးနှံများဖြစ်သည့်မြေပဲနှင့် ပဲအမျိုးမျိုးဆီထွက် သီးနှံများဖြစ်သည့်နေကြာစိုက်ခင်းများအား မိုးရာသီကုန် ဆောင်သီးနှံများစိုက်ပျိုးခြင်းကို တောင်သူများက ဒီဇင်ဘာလ ပထမပတ်က စတင်၍ စိုက်ပျိုးနေပြီးဖြစ်ကြောင်း ကညှော်ကျေးရွာနေဆောင်းရာသီ စိုက်ပျိုးသူတစ်ဦးမှသိရသည်။
ဆောင်းရာသီ စိုက်ပျိုးသည့်သီးနှံများကို ကညှော်၊ ကော့မုပွန်၊ ဒေါင်းရပ်အရှေ့၊ ဘိုးနက်ကျေးရွာ များရှိ လယ်ကွင်းများတွင်နှစ်စဉ်အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်က ဆောင်ရာသီ စိုက်ပျိုးဧက ၄၀၀၀ ကျော်ကိုစိုက်ပျိုးထားကြောင်း၊ ယခုနှစ်တွင်စိုက်ပျိုးဆဲဖြစ်သည့်အတွက် စိုက်ပျိုးဧက (၃၀၀၀)နှင့် (၅၀၀၀)ကျော်ကြားစိုက်ပျိုးနိုင်ရန်လျာထားလျက်ရှိကြောင်း၊ စိုက်ပျိုးစရိတ်များ ကိုလည်းတောင်သူများ စရိတ်စက သတ်သာနိုင်ရန်အတွက် ဆောင်းသီးနှံစိုက်ပျိုးသူများအား မြို့နယ်စိုက်ပျိုးရေးဘဏ်(ခွဲ)မှ စိုက်ပျိုးစရိတ်ထုတ်ချေးပေးလျက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ဒေသအတွင်းအများဆုံးစိုက်ပျိုးသည့် မတ်ပဲ၊ ပဲတီရွှေဝါ၊ ပဲတီစိမ်း တို့ကိုအများဆုံး စိုက်ပျိုး ကြပြီး ပဲထွက်ချိန်တွင် မတ်ပဲ၊ ပဲတီရွှေဝါ၊ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ပဲကြား တို့ကို ဈေးနှုန်းအနေဖြင့်ပဲတစ်တင်းလျှင် ကျပ်()သောင်းမှ ()သောင်းအထိ ရှိကြောင်းပဲစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် ပဲတင်းအရည်အတွက် (၁၀)မှ(၂၀)တင်းထိထွက်ရှိကြောင်း ဒေသခံပဲစိုက်ပျိုးသူဦးဝင်းအောင်ထံမှသိရသည်။

ချောင်းဆုံ