ဒဂုံတောင် ဒီဇင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းအိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် ပြည်သူများနေအိမ်ပြင်ပ ထွက်တိုင်း(Mask)မဖြစ်မနေ တပ်ဆင်သွားလာရေးအသိ ပညာပေး (MaskCamapaign) ကို ယနေ့ နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော အမှတ် (၂၅)ရပ်ကွက်ရှိ အမှတ်(၁)စျေးအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁)စျေး၌ မြို့နယ်စည် ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်၏ ဦးဆောင်မှုဖြင့် ဈေးဝယ်၊ ဈေးရောင်း သူများအားစနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပြီး Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(MaskCanpaign) ပြုလုပ်ဆောင် ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ ရောဂါကူးစက်မှု မခံရစေရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
သန်းသန်းအေး