ပြည် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကမ်းနားလမ်းရှိ ခေတ္တရာညဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက အဆိုပါညဈေး မုခ်ဦး၌ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဌေးဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပြည်မြို့စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးထင်အောင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ညဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များဖြင့် စည်းကားနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်မြို့ထဲတွင် ယခင်ကညဈေးတစ်ခုရှိခဲ့သော်လည်း ယင်းနေရာသည် မြို့လယ်ခေါင်ဖြစ်နေ၍ လမ်းပိတ်ဆို့မှုများနှင့် မြို့ရဲ့ဖွံ့ဖြိုးတိုး တက်လာတာနှင့်အမျှ နေရာကြပ်လာ ကြောင်း၊ ပြည်မြို့ကမ်းနားလမ်းတွင် River View နေရာလဲရှိနေတဲ့အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ယခုခေတ္တရာညဈေးအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင်ညဈေးမှ ဈေးသည်များကို ဦးစားပေးနေရာချထားပေးကာ ယခုလက်ရှိတွင် ဈေးဆိုင်ပေါင်း (၁၀၀)ကျော်ဖြင့် ပထမပိုင်းအနေဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဈေးဆိုင်နေရာများ ထပ်မံတိုးချဲ့ဖော်ဆောင်မည်ဖြစ်ကာ ယင်းဆောင် ရွက်ခြင်းအား ယခုနှစ်မိုးမတိုင်မီအပြီး ဆက်လက်တင်ပြ အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်ဦးက ပြောကြားသည်။
ကိုဆက်(ပြန်/ဆက်)