အမြို့မြို့အနယ်နယ်သတင်းများ

May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်မှ စတင်၍ ဇီးပင်ကွင်းကျေးရွာ အုပ်စု၊ ဇီးပင်ကွင်းကျေးရွာတွင် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  မြောင်းမြမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်တွင် မေလ(၂၁)ရက် နေ့က တိုက်ခတ်ခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရာ အသက်(၁၂)နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းအနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ ‌နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
May 12,2022
ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ မတ်လ (၂၆)ရက်နေ့မှ စတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအားလုံး အနေဖြင့်လည်း ယနေ့ နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး မြို့နယ်တွင်းမှ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်လက်ခံ နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ မှ ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်၌ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
May 12,2022
၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို  မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ပြီး ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်များအား ယနေ့ နံနက်မှစကာ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
May 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသန့်ရှင်းရေး စု‌ပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 12,2022
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း ယနေ့ နံနက်(၉)နာရီက စတင်ပြီး ကြံခင်းမြို့နယ် အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။