Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်မြို့၌ အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
May 12,2022
အခြခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့် ရဲမေများ၊ သင်တန်းသား/သူ ကလေးငယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မအူပင်မြို့ လူစည်ကားရာ ဘုရားလမ်းနှင့် တေဇလမ်းထောင့်နှင့် မြို့မစျေးရှေ့နေရာများ၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာများပေးအပ်
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စဉ်ဆက်မပြတ် သန့်ရှင်းရေးများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာကျောင်းများ ကျောင်းဖွင့်လှစ်ချိန် ကျောင်းသား၊ ကျောင်းသူကလေးများ အဆင်သင့် သန့်ရှင်းလုံခြုံပျော်ရွှင်စွာ စာသင်ယူနိုင်ရေး၊ သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝန်းကျောင်းပြင် သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကြိမ်ချောင်းကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ကျေးလက်ကျန်းမာရေးဆေးခန်းတို့ အမိုးလန်ပျက်စီး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် လေပြင်းတိုင်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ကျေးလက်ကျန်းမာရေးဆေးခန်း အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြကန်သာရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18192
Page
18193
Page
18194
Page
18195
Current page
18196
Page
18197
Page
18198
Page
18199
Page
18200
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department