မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းဆောင်ရွက်

မော်လမြိုင် အောက်တိုဘာ ၂၈

မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ တစ်ကျော့ပြန်လည် ကူးစက်မှုမရှိစေ‌ရေးနှင့် ကြိုတင်ကာကွယ်စေရန် ရပ်ကွက်/ ကျေးရွာ ကျန်းမာရေးမှူးများမှ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိ၊ ရွှေမြိုင်သီရိ၊ သာယာအေး၊ ဖားအောက်၊ ရိုးဂိုးနှင့်ကော့ခမယ် ရပ်ကွက်/ ကျေးရွာများရှိ လူစည်ကားသည့်နေရာများတွင် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်မြို့နယ်အတွင်း ခရီးသွားများနှင့် ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာ သူတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောသည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask)ကို အခမဲ့ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာ စာရေးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့များက နှာခေါင်းစည်း (Mask) စုစုပေါင်း (၃၀၀၀)ခု ကို အခမဲ့ဖြန့်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်