သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် ရွာကြီးကျေးရွာဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

သာစည် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ရွာကြီးကျေးရွာဒေသခံပြည်သူများ ယနေ့နံနက်  ၉ နာရီက ရွာဦးဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းတိုက်ဆရာတော်ထံ   လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းသည်။ ထို့နောက်ဆွေးနွေးပွဲ စတင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားရာတွင် ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ ဒေသခံပြည်သူများက မိမိတို့ ဒေသရှိ အခက်အခဲများ တင်ပြဆွေးနွေးကြရန်နှင့် တင်ပြဆွေးနွေးရာတွင် အများအကျိုးရှိစေမည့်ကိစ္စရပ်များအား ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့်က နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် ဆောင်ရွက်နေမှုများကိုရှင်းလင်းဆွေးနွေးပြီးဒေသခံပြည်သူများက ကျန်းမာရေး၊ကုန်ထုတ်လမ်း၊စိုက်ပျိုးရေရရှိရေး စသည်ဖြင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် တက်ရောက်လာသော ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်စေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)