Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲထိကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မွေးစအသက်(၂)လမှ(၁)နှစ်ခွဲထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ထိုးနှံလျက်ရှိပြီး ကျန်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သတ်မှတ်ဆေးထိုးစုရပ် နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၂၃)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ချီးမြင့်ခြင်း၊ ယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သော ကျောင်းသ…
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ကုန်းကျောင်းပရိယတ္တိ စာသင်တိုက်၌ ယနေ့နံနက် ၉ နာရီ အချိန်က (၂၃)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ခြင်း၊ ယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ (၃၉)ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ (၃၉)ကြိမ်မြောက် ပါဠိပထမပြန်နှင့် စူဠဘွဲ့နှင်းသဘင်အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ ယနေ့နံနက် ၉ နာရီ က ဒိုက်ဦးမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်း ပရိယတ္တိအောင်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကြီးတွင် အုတ်တွင်းစာဖြေဌာမှ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာတော်အရှင်မြတ် တို့အား “ စူဠဘွဲ့နှင်းသဘင် ”အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဗောဓိကုန်းကျောင်းတိုက်၌ ကျင်းပရာ အုတ်တွင်းမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ရဲကျော်ကျော်၊ အမှတ် (၈၀၈) အမြောက်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး မင်းသူလှိုင်၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစျေးအတွင်း ဆေးမျိုးစုံရောင်းချနေသောဆိုင်များ လိုက်လံစစ်ဆေး
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း က ဒိုက်ဦးမြို့မစျေးကြီးအတွင်းရှိ ဆေးမျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ ဆောင်ရွက်
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို သရက်ကုန်းအုပ်စု ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အုပ်စုအတွင်းရှိ ကျေးရွာများအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အများပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် (၈:၀၀)နာရီအချိန်မှ စတင်၍ အမှတ်(၆)ရပ်ကွက်၊ ၃၈လမ်းနှင့် အနော်ရထာလမ်းထိပ်၌ ဆန်၊ဆီ၊ကြက်ဥများကို သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ဆန်(၅)ပြည်တစ်အိတ်လျှင် ၅၀၀၀/-ကျပ်၊ ပေါ်ဆန်းဆန်(၅)ပြည်တစ်အိတ်လျှင် ၈၅၀၀/-ကျပ်၊ ဆီ(၅၀)သားလျှင် ၂၈၀၀ကျပ်နှင့် ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင် ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် (Grade-5) သင်ရိုးသစ်သင်တန်းဆင်းပွဲ ကျင်းပ
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်ခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grede-5 သင်တန်းကို ယနေ့နေ့လည် (၂:၀၀)နာရီအချိန် က လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18162
Page
18163
Page
18164
Page
18165
Current page
18166
Page
18167
Page
18168
Page
18169
Page
18170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department