အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက်
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်း​ခရိုင်၊ ကမာရွတ်မြို့နယ် ဌာနဆိုင်ရာများမှစုပေါင်း၍ ယ​မန်နေ့ နံနက်ပိုင်းက  အမှတ်(၂)ရပ်ကွက်၊ အင်းစိန်လမ်းရှိ အင်းယားရွာသစ်ဘုန်​တော်ကြီးကျောင်းဝင်း၌  ခြင်အန္တရာယ်မှကင်း​ဝေး​စေ​ရေးအတွက်  ခြင်​ဆေးများမှုတ်ခြင်း၊ အဘိတ်​ဆေးများခတ်​ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီး များအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၉ နာရီက လသာမြို့နယ်၊ ပညာရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ တရားဥပဒေစိုးမိုးရေးစစ်ကြောင်းအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အ.လ.က(၄)ကျောင်းတွင် သန့်ရှင်းရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Oct 30,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လဟယ်မြို့တွင် ရွှေကျင်နိကာယ ဥက္ကဋ္ဌအဘိတဇမဟာရဋ္ဌ ဂုရု သီတဂူအဓိပတိဆရာက လဟယ်မြို့တောင်းတန်းသာနာပြု ဗဟိုကျောင်းနှင့် လဟယ်မြို့ သီလရှင်ကျောင်းတို့အတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် အဆိုပါကျောင်းများသို့ ကြွရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မြို့နယ်အဆင့်မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကအင်္ဂလုံးကျေးရွာအုပ်စု၊ တောင်သူဦးမြင့်ဦး၊ ကွင်းအမှတ်(၃၈၁)၊ ဒေးပါလဘုရားကွင်းဦးပိုင်အမှတ်(၅၆/၁)၏ လယ်မြေ(၆.၃၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆင်းသုခ(R.S)မျိုးစပါးတစ်ဧကလျှင် စပါးအစိုထွက်နှုန်းတင်း(၁၁၉.၈၅)တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဇာတိမာန်ခန်းမ၌ ကျင်းပသည်။