ကမာရွတ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ပေး

ကမာရွတ် အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အ‌​နောက်ပိုင်း​ခရိုင်၊ ကမာရွတ်မြို့နယ် ဌာနဆိုင်ရာများမှစုပေါင်း၍ ယ​မန်နေ့ နံနက်ပိုင်းက  အမှတ်(၂)ရပ်ကွက်၊ အင်းစိန်လမ်းရှိ အင်းယားရွာသစ်ဘုန်​တော်ကြီးကျောင်းဝင်း၌  ခြင်အန္တရာယ်မှကင်း​ဝေး​စေ​ရေးအတွက်  ခြင်​ဆေးများမှုတ်ခြင်း၊ အဘိတ်​ဆေးများခတ်​ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စု‌ပေါင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ ရပ်ကွက်အတွင်း သန့်ရှင်းလှပ‌စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး အတွက်ရပ်ကွက်ရှိ ရေသိုလှောင်ရာ အုတ်စည်အုတ်ကန်များအတွင်း အဘိတ်ဆေးခပ်ပေးခြင်း၊ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ် ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား   ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများ ဆယ်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

စိမ်းလဲ့   (ပြန်ဆက်)