ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့တက်ရောက်

ဟိုပုံး  အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊  မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နာဂပုရသာသနာလင်္ကာရ သာမဏေကျော်အသင်းမှကျင်းပသော ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာ လင်္ကာရသာမဏေကျော်စာမေးပွဲတွင် စာအောင်သံဃာနှင့်သီလရှင် စုစု‌ပေါင်း (၅၄၁) ပါးတိုကို  ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြေင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)