Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အနေကဇာတင်ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မင်္ဂလာ…
May 13,2022
သာသနာတော်နှစ် ၂၅၆၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲနှင့် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့ ဆုတောင်းပြည့် မြို့နာမ်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း ဘက်စုံပြုပြင်မွမ်းမံမှု ပြီးစီးခြင်းန…
May 13,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင် စေတီတော်မြတ်ကြီး ရွှေသားရွှေစင် ကပ်လှူခြင်း၊ ဘက်စုံမွမ်းမံမှု လုပ်ငန်းများ ပြီးစီးအောင်မြင်ခြင်း၊ အလှူရေစက်ချခြင်းနှင့်အတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး…
May 13,2022
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဝန်းအတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့ ခဲမဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 13,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ကျောင်းသန့်ရှင်းစေရေး ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းများ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများ၊ ခဲမဖြူကျေးရွာ ဒေသခံပြည်သူများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာ (အ-ထ-ကခွဲ) ကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်
May 13,2022
နေပြည်တော်ကောင်စီမှကြီးမှူး၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ရွှေလက်လှစေတီတော် မြတ်ကြီးပရိဝုဏ်အတွင်း အနောက်မြောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန် ဘုရားရင်ပြင်တော်၌ သံဃာတော် (၁၆၁)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့…
May 13,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်တွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရား ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များမှ ပါဝင်လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော်…
May 13,2022
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ် (၂၅၆၆)ခုနှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော် (၁၀၂၆၄)ပါးအား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် (၆) နာရီ က မန္တလေးကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များတွင် ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတမဟာဓမ္မိကာရာမ ကျောင်းတိုက် မိတ္ထီလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇနပီယ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မဟာဒမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်ကြီးများ၊
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းလှူမှုများဖြင့် ကုသိုလ်ယူ
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို ကျင်းပလျှက်ရှိရာ ယနေ့နံနက် (၉)နာရီ က ဖြူးမြို့ပေါ်ရှိ ရွှေကျင်တောင်ကျောင်းတိုက်အတွင်း သမိုင်းဝင်မဟာပုညမုနိ စေတီတော်မြတ်ကြီးတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ညောင်ရေသွန်းလောင်း လှူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18163
Page
18164
Page
18165
Page
18166
Current page
18167
Page
18168
Page
18169
Page
18170
Page
18171
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department