အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် နန်းတော်ကျွန်း ကျေးရွာအုပ်စု နန္ဒာရုံဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြသည်။
Oct 29,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဓာတ်မြေဩဇာ သုံးစွဲခြင်းကိုလျော့ချ၍ သဘာဝမြေဩဇာများကို တွင်ကျယ်စွာအစားထိုးပြောင်းလဲ သုံးစွဲလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွားသဘာဝမြေဩဇာစက်ရုံနှင့် ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံဖွင့်ပွဲတို့ကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါစက်ရုံများ တည်နေရာ၌ ကျင်းပသည်။
Oct 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ညောင်အင်းစက်မှုဇုန်ရှိ CMP စက်ရုံဖြစ်သည့် Cobes Industries Bago Co.,Ltd. ခွဲစိတ်ခန်းတစ်ခါသုံးကျန်းမာရေးဝတ်စုံထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမားများအား အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများအလိုက် စည်းကြပ်လျက်ရှိတဲ့ အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်စေရန်၊ ထိုသို့သိရှိခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံမှု ကောင်းမွန်၍ လုပ်ငန်းခွင် အေးချမ်းသာယာပြီး အငြင်းပွားမှုများ လျော့နည်းစေရန်၊ အလုပ်သမား ဥပဒေပါ အကျိုး ခံစားခွင့်များ သိရှိခံစားခွင့်များ သိရှိခံစားနိုင်စေရန်နှင့် အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိနားလည်စေရန် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ စက်ရုံ၌ ကျင်းပသည်။ 
Oct 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာများတွင် လျှပ်စစ်မီးရရှိပါက မြို့ပေါ်ဒေသ များနည်းတူ သုံးစွဲနိုင်မှသာလျှင် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေမှာဖြစ်ပြီး မြို့နယ်လျှပ်စစ်ဌာနနှင့် ကျေးရွာပူးပေါင်း၍ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့သော ဖြူးမြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ကျွဲမကူးကျေးရွာတွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပြီးစီး ခဲ့ရာ ယနေ့ နံနက်(၁၀)ခွဲအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်(၈:၀၀)နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်းကျောင်း၊ အထက်တန်း(ကျောင်းခွဲ)၊ အလယ်တန်းကျောင်း၊ အလယ်တန်း(ကျောင်းခွဲ)၊ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 29,2022
ကရင်ပြည်နယ်အတွင်း သဘာဝဘေးကြုံတွေ့ရလေ့ရှိသည့် မြို့နယ်(၅)မြို့နယ်သို့ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး ခရိုင်အဆင့်ဆင့်ပွား အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။