အမြို့မြို့အနယ်နယ်သတင်းများ

Nov 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ကြီးမှူး၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း ကျင်းပသည့် (၃၁) ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန် အလှူတော မင်္ဂလာ အခမ်းအနားကို ယ​နေ့နံနက်(၈) နာရီအချိန်တွင် ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Nov 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တန်ဆောင်တိုင်ကာလအတွင်း မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများကို ယနေ့နံနက်  ၈ နာရီက  ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဒုတိယအကြိမ်မြောက် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာလ(၆)ရက် နံနက်(၈)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ် ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 06,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကြီးမှူးကျင်းပ၍ (၃၅)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က ရွာမ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Nov 06,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်ထွေအုပ်ရုံးဝန်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 06,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 06,2022
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Nov 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။