အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တန်ဆောင်တိုင်ကာလအတွင်း မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများကျင်းပ

အလုံ နိုဝင်ဘာလ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တန်ဆောင်တိုင်ကာလအတွင်း မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများကို ယနေ့နံနက်  ၈ နာရီက  ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် အ-ထ-က(၁)၊ အ-ထ-က(၅)၊ အ-ထ-က,(၆)၊ အ-ထ-က (၇) ကျောင်းများတွင်  ထုပ်စည်းထိုး၊ ကြိုးခုန်၊ ကျောထောက်ခုန်၊ ကြက်ဖခွပ်၊ ရွှေစွန်ညို၊ တန်းကျော်ပြိုင်ပွဲများအားကျင်းပပြုလုပ်ရာ  ကျောင်းသား၊ ကျောင်းသူ ၁၁၈ ဦး ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

တင်တင်ချို