အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိသည်။
May 24,2022
ကျောကင်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  First Doses ၊ Second Dosesနှင့်  အပိုဆောင်းကာကွယ်ဆေး Booster Doses များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအညီ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
May 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ (၂၅၆၂၀၀) ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
May 24,2022
ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ဦးတည်အုပ်စုများ အလိုက်ထိုးနှံခြင်းကို အလုံမြို့နယ် ခန်းမ၌ ထိုးနှံ​ပေးလျက်ရှိရာ ယ​​နေ့တွင် Phrase-9 Second Dose ထိုးနှံသူ (၂၆)ဦး၊ Phrase-10 First Dose ထိုးနှံသူ (၇) ဦး၊ Booster ထိုးနှံသူ (၅၄) ဦး စုစုပေါင်း (၈၇) ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
May 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စဉ့်ကူးနယ်မြေမီးသတ်စခန်းအတွင်း မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စဉ့်ကူးနယ်မြေအတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ယာဉ်နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ကြံ့ခိုင် ကောင်းမွန်အဆင်သင့်ရှိနေဖို့အတွက် စုဖွဲ့လေ့ကျင်းခြင်းကို မေ ၂၄ ရက်၊နံနက် ၇နာရီအချိန်က ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးဌာန ၊စဉ့်ကူးနယ်မြေမီးသတ်စခန်းရှေ့ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
May 24,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင် သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊တော်ဝင်လမ်း၌ (Box Culvert) တံတား (၁)စင်း ဆောက်လုပ် ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။