အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ KNU/KNLA(PC) တပ်ဖွဲ့ဝင်မိသားစုဝင်များသို့ ကျောင်းသုံးဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသ အ.ထ.က နော်တယာကျောင်း၌ ကျင်းပခဲ့သည်။
May 24,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာများရှိ တောင်သူများအတွက်  ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခရိုင်ဘဏ်ခွဲ)၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ရောင်းချရာတွင် ပဲတီစိမ်းတစ်တင်း ငွေကျပ်(၃)သောင်းခုနှစ် ထောင်ကျပ်ဖြင့် ရောင်းချရ၍ ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 10(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိအသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်တွင်  မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်အပ်နှံရေး တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားကို ၂၀၂၂ခုနစ်မေလ(၂၄)ရက် နံနက်(၁၀)နာရီအချိန်က မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
May 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မြို့နယ်အထွေထွေဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရပ်ရွာ အခြေပြုပန်းအလှပြင်နှင့် မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။