ဒလမြို့နယ်၌ (၃၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနား ကျင်းပ

ဒလ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ကြီးမှူး၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း ကျင်းပသည့် (၃၁) ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန် အလှူတော မင်္ဂလာ အခမ်းအနားကို ယ​နေ့နံနက်(၈) နာရီအချိန်တွင် ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဝန်ထမ်းများ၊ အလှူရှင်များက န​မောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး  ကမာကဆစ် အလယ်ကျောင်းတိုက် မြို့နယ်သံဃာနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒကသာရာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ကထိန်အနုမောဒနာ တရားတော်နာယူကြပြီး ဆရာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ် တရားတော် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်ပြီး လှူဒါန်းမှု အစုစုတွက် ရေစက်သွန်းချ အမျှဝေ၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများက ပင့်သံဃာတော် (၈၉)ပါးနှင့် ကမာကဆစ် အလယ်ကျောင်းတိုက်ရှိ သံဃာတော် (၁၅၀)ပါး တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့ပေါ် ဘုန်းတော်ကြီးကျောင်း(၃၃)ကျောင်းသို့ ပဒေသာပင်နှင့် စာရေးတံမဲဖောက်ပြီး   ဗုဒ္ဓသာသနံစိရံတိဌတု ()ကြိမ်ရွတ်၍ ရတနာရွှေမိုးငွေမိုးများရွာသွန်းပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြ ကြောင်း သိရသည်။

ဒလမြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ ပါဝင်လှူဒါန်းသော  ကထိန်လျာမြတ်သင်္ကန်နှင့် ပဒေသာပင်(၄၅)ပင်မှ လှူဖွယ်ပစ္စည်း ငွေကျပ်တန်ဖိုး (၁၂၆၇၂၁၀၀) နှင့် လှူဒါန်းငွေကျပ်တန်ဖိုး (၂၅၉၇၅၆၀၀) စုစုပေါင်း ငွေကျပ်တန်ဖိုး (၃၈၆၄၇၇၀၀) လှူဒါန်းခဲ့ကြောင်း သတင်းရသည်။

မြင့်ဇော် (ပြန်ဆက်)