အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မိုးစပါးစိုက်ပျိုးမည့်​ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးကြောင်း သိရသည်။
May 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် မူလတန်းကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အထက၊ မိုင်းပျဉ်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ဖျာပုံမြို့နယ် အမှတ်(၁၄) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လန်း သေဆေး (Abate)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို မေလ (၂၄)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အဆိုပါရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ကြသည်။
May 24,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်း အနားကို  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 24,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ် မေလအတွင်း ကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ရွှေဟင်္သါကျေးရွာအုပ်စု ​ညောင်ကုန်း ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိမူအား ယမန်နေ့ ညနေ ၄ နာရီ အချိန်က ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရူအားပေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
May 24,2022
ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​​​ရေးအဖွဲ့၏ ဦး​ဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများစု​ပေါင်း၍ ခြုံနွယ်မြတ်ပင်များ ရှင်းလင်းခြင်းနှင့် စွန့်ပစ်အမှိုက်များ​ ကောက်ယူခြင်းကို ယ​နေ့ နံနက် ၇ နာရီအချိန်က ​မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက် တန်း​ကျောင်းဝန်း၌ စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။
May 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးကောင်းမြတ်ဇင် ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။