Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လိုက်မြို့၌ (၇၄)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ နှစ်စဉ် ကျင်းပ မြဲဖြစ်သည့် (၇၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်တစ်လုံးတောရကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒိသာများကျွေးမွေး
Nov 07,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်းပွဲတော်အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့်အခါ ကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများတွင် ဧည့်ခံ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီ၊ ဆင်းရွှေလီကဇာတ်ရုံ၌ ယမန်နေ့ ညနေ(၆)နာရီ အချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ (၃၁)ကြိမ်မောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည်
Nov 07,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၃၁)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ စီတန်းလှည့်လည်ခြင်းကို ယမန့်နေ့ မွန်းလွဲ ၂နာရီက ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်စေလွှတ်ခဲ့သည့် မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံ
Nov 07,2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတစ်ဆင့် ကန်ပိုက်တီနယ်စပ်ဂိတ်သို့ ပြန်လည်လွှဲပြောင်းလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့၌ ခေတ္တစခန်းသွင်းနေရာချထားပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်၌ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့တွင်းဒေသစာရီကြွချီ အပူဇော်ခံယူပွဲတော်ကျင်းပ
Nov 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန် ဘုရားကြီးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး နိုဝင်ဘာလ(၆)ရက်နေ့ (တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့) နံနက်ပိုင်းမှစတင်၍ လည်း(၁၅၉)ကြိမ်မြောက်အဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ သမိုင်းဝင်မဟာကျန် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်
Nov 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ယမန်နေ့ ညနေ့ ၇ နာရီ အချိန်က မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်
Nov 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များစုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18022
Page
18023
Page
18024
Page
18025
Current page
18026
Page
18027
Page
18028
Page
18029
Page
18030
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department