အမြို့မြို့အနယ်နယ်သတင်းများ

May 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့ နံနက် ၉ နာရီက‌ ဒေါပုံမြို့နယ် အထက (၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ် ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်၍ စနစ်တကျသွားလာမှု ရှိစေရေး အသိပညာပေးအနေဖြင့် Mask Campaign ကို ယနေ့ နံနက် ၉  နာရီက ဒေးဒရဲ-ဖျာပုံ ကားလမ်းမရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးနှင့် ဗိုလ်ချုပ်လမ်းမတစ်လျှောက် လူစည်ကားရာ နေရာများတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 24,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
May 24,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၉နာရီ အချိန်က ကျင်းပခဲ့သည်။
May 24,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိသည်။
May 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွား လမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
May 24,2022
သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 24,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre )ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက  အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။