Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်းတယမြို့နယ်၌ စိန်တလုံးသရက်သီးများစိုက်ပျိုးဖြစ်ထွန်း
May 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ ယခုမိုးဦးကျကာလတွင်ထွက်ရှိသည့် စိန်တလုံးသရက်သီးများမကြာမီ စျေးကွက်အတွင်း ရောက်ရှိရောင်းချတော့မည်ဖြစ်၍ သရက်သီးများစျေးကောင်းရရှိရေး၊ တောင်သူများမျှော်လင့်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေး
May 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ယူရီးယားဓါတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
May 25,2022
ရခိုင်ပြည်နယ် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster ) ဆက်လက်ထိုးနှံပေး
May 25,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉း၀၀)နာရီအချိန်ခန့်က စတင်၍ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်အတွင်း ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံငွေများပေးအပ်
May 25,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် နေအိမ် ၁၄၀ လုံးမှ မိသားစုဝင်များထံအရောက် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေး ကွင်းဆင်းဆောင်ရွက်
May 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသော ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေး
May 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18013
Page
18014
Page
18015
Page
18016
Current page
18017
Page
18018
Page
18019
Page
18020
Page
18021
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department