အမြို့မြို့အနယ်နယ်သတင်းများ

May 25,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနသည် ၂၀၂၂ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးရန်အတွက် လူထုဖြန့်စိုက်ပျိူးရန် ပျိုးပင်ပေါင်း (၃၅၀၀၀)၊ ဒေသခံပြည်သူနှင့် အစုအဖွဲ့စိုက်ခင်းများအတွက် ပျိူးပင်(၁၅၀၀၀)စုစုပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားကြောင်း သိရသည်။
May 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ အေးမြချမ်းသာစေတီတော်မြတ်ကြီး၏ ထီးတော်တင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရေပြင်းကျေးရွာ ရွာဦးကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းမြောက်ရပ်ကွက်၊ သီရိခေမာရပ်ကွက်တို့တွင် ယမန်နေ့ မွန်းလွဲ (၂)နာရီက သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
May 25,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မေ(၂၀)ရက်နှင့် (၂၂)ရက်နေ့များ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်  ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊  ကံဦးကျေးရွာမှ အိမ်(၁)လုံးနှင့် ဖလန်တိုင်းကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာမှ အိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး  ထောက်ပံ့ငွေပေးအပ်ခြင်းကို
May 25,2022
သဘာဝဘေးကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာဆန်းစစ်ခြင်း တိုးမြှင့်သင်တန်းကို အမရပူရမြို့နယ် အိုးတော်ရပ်ကွက် မှိုက်စုရပ်ရှိ အေးစေတီဆုတောင်းပြည့်ဓမ္မာရုံတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။