Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကလေးဝမြို့ မြို့တွင်းရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်
Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးရာသီအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက လမ်းဘေး ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့ အမှတ်-၂ ရပ်ကွက်ရှိ ပင်မရေမြောင်းကြီးအား ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်း ဖွင့်လှစ်သင်ကြားပေး
Jul 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်းကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၈ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်သက်ကယ် လုပ်ငန်းများ ကြိုတင်လေ့ကျင့်
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် များကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့ လက်သမားရပ် ဦးပါရဲ ဘုရားအနီး မြစ်ဆိပ်ကမ်းတွင် ရေပြင် သက်ကယ်လုပ်ငန်းများ ကြိုတင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်မိ၊ ရပ်ဖ အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ နောင်မိုပရိယတ္တိစာသင်တိုက်၊ မြောက်မြို့ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်တွင် ပြန်/ဆက်ဦးစီးဌာန (Community Centre) ခန်းမ၌ မျောက်ကျောက်ရောဂါ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Jul 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မျောက်ကျောက်ရောဂါ သိကောင်း စရာအသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြန်/ဆက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 12,2022
ဝါဆိုလဆန်း(၁၄)ရက်၊ ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jul 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတို့ ပူးပေါင်း၍ စားပွဲတင် တင်းနစ် ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်က နိုင်ငံဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်
Jul 11,2022
၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားများအား မွန်ပြည်နယ် အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၁၁ ရက် နေ့လည် ၂ နာရီ အချိန်ခန့်တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18009
Page
18010
Page
18011
Page
18012
Current page
18013
Page
18014
Page
18015
Page
18016
Page
18017
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department