Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှုတော်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၃)ကြိမ် မြောက်စုပေါင်းမဟာဘုံက ထိန်လျာသင်္ကန်းဆက်ကပ်အလှုတော်မင်္ဂလာပွဲကို ယနေ့နံနက် (၉:၃၀)အချိန်က မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဘုရား ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်အတွင်းရှိ မြို့များတွင် စုပေါင်းမဟာဘုံကထိန်အလှူပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပ
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များ၌ မြန်မာရိုးရာ ဘာသာ၊ သာသနာ ယဥ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော စုပေါင်း မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ (၂၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် (၂၁)ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များ စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၇ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 08,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော် အား နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဟိုပန် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်းရှိ မြင်းပျံတောင်ကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီမြတ်ကြီး၌ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ဝါပကာလ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံတော် စေတီမြတ်ကြီးတွင် (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ဝါပကာလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းဝင်ကျိုက်မှော်ဝန်းစေတီတော်မြတ်ကြီး၌ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကုသိုလ်ပြု
Nov 07,2022
တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ရဟန်းဖြစ်ရသည့် အကျိုးတရားများကို ဟောတော်မူသည်။ သာမညဖလသုတ်သည် ရဟန်းပြုခြင်းကြောင့်ရရှိသော အကျိုးများ၊ ရဟန်းတို့၏ အကျင့်သီလ၊ ဈာန်သမာပတ်နှင့် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပြီး လက္ခဏာရေးသုံးပါးကိုအထင်အရှားပြကာ ရဟန္တာများဖြစ်လာပုံကို ဟောကြားထားသောတရားဖြစ်သည်။ တရားမှာနက်နဲသိမ်မွေ့လှပြီး ဘဝသံသရာ၏ ဒုက္ခဆင်းရဲချုပ်ငြိမ်းနိုင်ပုံကို ကွက်ကွက်ကွင်းကွင်း ဟောကြားထားရာ နာကြားရသူအဖို့ နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကုသိုလ်၊ အကုသိုလ်၊ ကောင်းမှု၊ မကောင်းမှု၊ ဆင်းရဲမှု၊ ချမ်းသာမှုတို့ကို ကွဲကွဲပြားပြား သိလာသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် (၂၁)ကြိမ်မြောက် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းနှင့် ကထိန်သင်္ကန်းလှည့်လည်…
Nov 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာကျိုက်တမော့လဲ့စေတီတော်ရင်ပြင်တွင် (၂၁)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း ကထိန်သင်္ကန်းလှည့်လည်ပူဇော်ခံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် အပူဇော်ခံလှူဒါန်းပွဲကို ကျေးရွာနေဒေသခံပြည်သူများက စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ကုသိုလ်ပြုသူများစည်ကား
Nov 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့က ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်နှင့် တန်ခိုးကြီး ဘုရားများ၌ ကုသိုလ်ပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18016
Page
18017
Page
18018
Page
18019
Current page
18020
Page
18021
Page
18022
Page
18023
Page
18024
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department