အမာမြို့၌ ရှေးဟောင်း ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

အမာ နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အမှတ်(၁)ရပ်ကွက်၊ တိလောကအောင်တော်မူသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးအား ယမန်နေ့ည (၁၂)နာရီအချိန်တွင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အမာမြို့ရှိ အလှူရှင်များမှ လှူဒါန်းသည့် သင်္ကန်းများကို စုပေါင်းလုပ်အားဖြင့်  ကောင်းမှုကုသိုလ်ရရှိစေရန် နှစ်စဉ်ချုပ်လုပ်လှူဒါန်းသော မသိုးသင်္ကန်းကို  ညဦးပိုင်းမှစ၍ ချုပ်လုပ်ခဲ့ပြီး တန်ဆောင်မုန်းလပြည့်ည(၁၂)နာရီ အချိန်တွင် မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းမှုကို အမာမြို့ဥတ္တရာရုံ ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုဂန္ဓကဦးဆောင်ပြီး အလှူရှင်များ၊ ဂေါပကများမှ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ လာရောက်ကြသော ဘုရားဖူးများ၊ ဧည့်သည်များအား မဲဇလီဖူးသုပ်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)