အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်(၁၈)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းပေါင်းစုံစုပေါင်း မဟာဘုံကထိန်ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တရုတ်စုရပ်ကွက်၊  တိုက်ကျောင်းအတွင်းရှိ သဇင်ညွန်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ်ထူကိုယ်ထ   မူကြိုကျောင်း စုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Nov 08,2022
၁၃၈၄-ခုနှစ်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် တံတားဦးခရိုင် တံတားဦးမြို့နယ် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရနေရာများနှင့် ဘုရားများတွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သူများပြားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင်ကျင်းပခဲ့ကြသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသည့် ကျောင်းများတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ အရှေ့သပြေသာကျေးရွာ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၇၀) ရာခိုင်နှုန်းကျော်ပြီးစီပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေးဆရာမြင့်ရွှေ(ရှမ်းရိုးမ)ရေးသားသော သက်ရှည်ကျန်းမာနည်းလမ်းကောင်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် လပြည့်ည အချိန်ခါတွင်လည်း တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ယုံကြည်သက်ဝင်သူများမှ ပွဲတင်ခြင်း၊ ဆေးမြစ်/ဆေးရွက်များစုပေါင်း၍ ဆေးကြိတ်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
Nov 08,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သော (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။